ကြေကွဲနှလုံးအတွက် အသစ်တစ်ဖန် အစပြုရာ
ခရိုအေးရှား နိုင်ငံ ဇဲဂရက်မြို့ရှိ ‘‘ပတ်သက်မှုဆက်ဆံရေးပျက်ယွင်းခြင်း ပြတိုက်’’တွင်
အမည်မသိ လူပုဂ္ဂိုလ်တို့ လှူဒါန်းထားသည့် ပျက်ယွင်းသွားသည့် မေတ္တာပြယုတ်
ပစ္စည်းအကြွင်းအကျန်များစွာရှိသည်။ သစ်စိမ်းချိုးချိုးခံရသူက သစ်စိမ်းချိုးသွားသူ၏
ပရိဘောဂပစ္စည်းများကို ဖျက်ဆီးပစ်ရာ၌ သုံးခဲ့သည့် ပုဆိန်၊
မှန်ကွဲများဖြင့် ဘောင်ခတ်ထားသည့် မေတ္တာစာလွှာများ၊
သတို့သမီးဝတ်စုံ စသည်ဖြင့် နှလုံးသား ကြေကွဲရမှုကို ဖော်ကျူး
ထားသည်။ ထိုပြတိုက်သို့ လာရောက်လည်ပတ် ကြည့်ရှုသူ
များတွင် အချို့က ကိုယ်တိုင်အသဲကွဲခဲ့၍ မျက်ရည်နှင့် ပြန်သွား
ကြသလို အချို့သောစုံတွဲများကလည်း တစ်ဦးနှင့်တစ်ဦး
ထွေးဖက်လျက် သစ္စာမဖောက်ကြေးဟု ကတိက၀တ် ပြုသွား
ကြသည်။
ဓမ္မဟောင်းကျမ်းမှ ပရောဖက် ဟေရှာယက ‘‘ထာဝရဘုရား၏၀ိညာဉ်တော်သည်
ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ၀မ်းမြောက်စရာ
သတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိတ်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏
အနာကို စည်းစေခြင်းငှာ၎င်း ... ငါ့ကို…
သင်၏ အာရုံစိုက်မှုကို သတိထားပါ
တစ်ခါက အမျိုးသမီးတစ်ဦးသည် သူကူညီမစနေသူတစ်ဦးနှင့် စပ်လျဉ်း၍
‘‘ဒါကျွန်မရဲ့တပည့်လေး’’ဟု ပြောလိုက်သံကို ကျွန်ုပ်ကြားဖူးသည်။ ခရစ်တော်၏
နောက်လိုက်ဖြစ်သည့် ကျွန်ုပ်တို့အားလုံးသည် ခရစ်တော်၏သတင်းကောင်းကို
လူများအား ဝေငှခြင်း၊ သူတို့၏ ၀ိညာဉ်ရေးကြီးထွား တိုးတက်
စေရေး မစခြင်း စသည့် တပည့်တော်ဖြစ်စေခြင်း တာဝန်
အပ်နှင်းခံရသည်။ ထိုတာဝန်ကို ထမ်းဆောင်ရာ၌ သခင်
ယေရှုထက် မိမိကိုယ်ကို အာရုံစိုက်ရန် လွယ်ကူလှသည်။
ကောရိနသုအသင်းတော်သည် ခရစ်တော်အပေါ်
အာရုံစိုက်မှု ပျောက်ဆုံးနေသဖြင့် တမန်တော် ရှင်ပေါလု
သောကရောက်ရသည်။ ထိုခေတ်အခါက အကျော်ကြားဆုံး
ဓမ္မပညာရှင်နှစ်ဦးမှာ ရှင်ပေါလုနှင့် အာပေါလု ဖြစ်သည်။
‘‘ငါက ပေါလုတပည့်...’’၊ ‘‘ငါက အာပေါလုတပည့်...’’ ဟုခံယူ
ကြသဖြင့် အသင်းတော်မှာ နှစ်ခြမ်းကွဲရသည်။ ကယ်တင်ရှင်နောက်သို့ လိုက်ခြင်းထက်
ဆရာများနောက်သို့လိုက်ခြင်းဖြင့် သူတို့ အာရုံစိုက်သောပုဂ္ဂိုလ်က လွဲမှားနေသည်။
သို့သော် ရှင်ပေါလု သူတို့ကို ပြုပြင်ပေးခဲ့သည်။…
ကြီးမြတ်သောအနာရောဂါ ငြိမ်းစေသူ
ကျွန်ုပ်သိသောဆရာဝန်များမှာ စမတ်ကျ၍ အလုပ်ကြိုးစားသည်၊ မေတ္တာကြီးမားသည်။
ကျွန်ုပ်၏ဝေဒနာများကို သူတို့ အကြိမ်ပေါင်းများစွာ ကုသပေးခဲ့သည်။ ရောဂါစမ်းသပ်
စစ်ဆေးခြင်း၊ သင့်တော်သော ဆေးဝါးများကို ညွှန်းပေးခြင်း၊ ကျိုးသွားသောအရိုးများကို
ဆက်ပေးခြင်း၊ ဒဏ်ရာများကိုချုပ်ပေးခြင်း စသည်ဖြင့်
သူတို့၏ကျွမ်းကျင်မှုအတွက် ကျေးဇူးတင်မိသည်။ သို့သော်
၎င်းသည် ဘုရားထက် ဆရာဝန်များကို ပိုယုံကြည်သည်ဟု
မဆိုလိုပါ။
သူသာသိသည့် အကြောင်းပြချက်ဖြင့် ဘုရားသခင်
သည် ဖန်ဆင်းခြင်းအရာများကို ပြုစုစောင့်ရှောက်ရန်
လူကို လုပ်ဖော်ဆောင်ဖက်အဖြစ် ခန့်ထားပြီး (က ၂း၁၅)၊
၎င်းတို့အနက် ဆရာဝန်များလည်း အပါအ၀င်ဖြစ်သည်။ ဆရာဝန်များသည် ဆေးပညာကို
သင်ယူကြပြီး၊ ခန္ဓာကိုယ်ကို ဘုရားမည်သို့ ဖန်ဆင်းထားသည်ကိုလေ့လာ ကြရသည်။
ကျန်းမာသောအခြေအနေသို့ ပြန်ရောက်အောင် ထိုအသိပညာကို အသုံးချပြီး ကုသရသည်။
ကျွန်ုပ်တို့ ကျန်းမာလာအောင် ဆရာဝန်များ ကုသပေးနိုင်ခြင်းမှာ ကျွန်ုပ်တို့ကို အနာငြိမ်းပြီး
ဝေဒနာပျောက်ကင်းစေသည့်စွမ်းရည်ဖြင့် ဘုရားက ဖန်ဆင်းထားသောကြောင့်…
ခြေတစ်လှမ်း ပို၍နီးလာသည်
လွန်ခဲ့သောနှစ်အတန်ကြာက ကျွန်ုပ်နှင့် သူငယ်ချင်းတစ်ယောက်တို့ ၀တ်နီ
(Whitney) တောင်ကို တက်ရန် ခရီးစတင်ထွက်ခွာခဲ့ကြသည်။ ၎င်းသည်
အမေရိကန်ပြည်ထောင်စုတွင် ပေ ၁၄၅၀၅ ပေမြင့်သည့် အမြင့်ဆုံးတောင်ဖြစ်သည်။
ဝတ်နီ တောင်စောင်းသို့ ညနေတွင် ကျွန်ုပ်တို့ ရောက်ရှိ
ခဲ့ကြပြီး အခြေချစခန်းတွင် တစ်ညအိပ်စက်ခဲ့ကြသည်။
မနက်အရုဏ်မတက်မီ တောင်စတက်ကြမည်ဖြစ်သည်။
ဝတ်နီတောင်ကို တက်ရန် နည်းပညာကျွမ်းကျင်မှု မလိုဘဲ
၁၁ မိုင် ခရီးကို မရပ်မနားတက်ရသည့် ပင်ပန်းသည့်
ခရီးရှည်တစ်ခုဖြစ်သည်။
အတက်ခရီးက ခက်ခဲသော်လည်း ရင်သပ်ရှုမော ဖွယ်
လျှိုမြောင်များ၊ လှပသောရေကန်ပြာများ၊ ခရီးလမ်း
တစ်လျှောက်တွင် စိမ်းညှို့သန်စွမ်းသော မြက်ခင်းပြင်များက
ရွှင်ပျလန်းဆန်းစေသည်။ သို့သော် ခရီးလမ်းကြောင်းက
ရှည်လျားပြီး ပင်ပန်းစေသဖြင့် ခြေထောက်ခိုင်မခိုင်၊ အဆုတ်
ကောင်းမကောင်း စမ်းသပ်မှုတစ်ခုပင်ဖြစ်သည်။ နေ့တာ တရွေ့ရွေ့ ကုန်ဆုံးနေပြီး
ထိုလမ်းက အဆုံးမရှိဟု ထင်ရသဖြင့် လှည့်ပြန်ရန်…
ချီးမွမ်းခြင်း၏တန်ခိုး
ဝီလီ မိုင်ရစ် ၉ နှစ်သားအရွယ်တွင် အိမ်အပြန်လမ်း၌ ပြန်ပေးဆွဲခံခဲ့ရသည်။
ဘာဖြစ်မည်ကို မသိဘဲ ပြန်ပေးဆွဲသူက သူ့ကို နာရီပေါင်းများစွာ ကားမောင်းခေါ်သွား
ခဲ့သည်။ ထိုသို့ခေါ်သွားစဉ် ‘‘အစဉ်ချီးမွမ်း” အမည်ရှိ သီချင်းကို သီဆိုရန် ၀ီလီ ဆုံးဖြတ်
ခဲ့သည်။ သီချင်းကို ထပ်တလဲလဲဆိုသဖြင့် ပြန်ပေးဆွဲသူက
မထီမဲ့မြင်ပြုသည့် အမူအရာကိုပြပြီး ပါးစပ်ပိတ်ထားရန်
သူ့ကို ပြောသည်။ နောက်ဆုံးတွင် ထိုသူသည် ကားကို
ရပ်ပြီး အန္တရာယ်တစ်စုံတစ်ရာ မပြုဘဲ ၀ီလီ အား ပြန်လွတ်
လိုက်တော့သည်။
ဘုရားသခင်ကို စစ်မှန်စွာ ချီးမွမ်းခြင်းဆိုရာ၌
ကျွန်ုပ်တို့နှလုံးသားထဲရှိ မိမိကြောက်သောအရာ၊ မိမိ
အသက်တာရှိအမှားများ၊ မိမိကိုယ်ကို ပြည့်စုံသည်ဟု မိမိ
ဘာသာ ကျေနပ်နေမှုများကို စွန့်ပစ်ပြီး ဘုရားသခင်၏
ဂုဏ်တော်၌ အာရုံစိုက် မျက်မှောက်ပြုရန် လိုအပ်ကြောင်း ၀ီလီ ၏ အဖြစ်အပျက်က…
ချစ်ခြင်းမေတ္တာ၏တွန်းအားပေးခြင်း
၁၉၂၀ ပြည့်နှစ်များက ဘော်ဘီ ဂျုန်း သည် အပျော်တမ်းကစားသမားတစ်ဦး
ဖြစ်သော်လည်း ဂေါက်သီးလောကကို လွှမ်းမိုးခဲ့သည်။ သူ့ဘ၀အကြောင်းကို ရိုက်ကူး
ထားသော ‘‘ဘော်ဘီ ဂျုန်း - ပါရမီရှင်တစ်ဦး၏ ရိုက်ချက်’’ အမည်ရှိ ရုပ်ရှင်၌ ကြေးစား
ဂေါက်သီးသမားတစ်ဦးက ဘော်ဘီအား မည်သည့် အချိန်၌
အပျော်တမ်းကစားသမားဘ၀ကို စွန့်လွှတ်ပြီး အခြားသူများ
နည်းတူ ငွေရှာမည်နည်းဟု မေးမြန်းခဲ့သည်။ ဂျုန်းက
အပျော်တမ်း(amateur) ဟူသော စကားသည် လက်တင်
စကား (amo - ချစ်မြတ်နိုးသည်) ဟူသော စကားလုံးမှ
လာကြောင်း ပြန်လည်ရှင်းပြခဲ့သည်။ သူ့အဖြေက ရှင်းပါ
သည်။ သူဂေါက်သီးကစားခြင်းမှာ ဤအားကစားကို
နှစ်သက်မြတ်နိုးသောကြောင့်၊ ချစ်သောကြောင့် ဖြစ်သည်။
ဘယ်အရာကို ဘာ့ကြောင့် လုပ်မည်ဟူသည့်
ရည်မှန်းချက်ရှိခြင်းက မတူညီသော ခြားနားမှုကို ဖြစ်ပေါ်စေသည်။ ထိုအချက်သည်
ယေရှုခရစ်တော်၏…
အသက်ရှင်ကျန်သူတစ်ဦး၏ အတွေး
အသက် ၇၁ နှစ် အရွယ် တောင်ကိုရီးယား အမျိုးသမီးကြီးတစ်ဦးသည် နစ်မြှုပ်သွားသော
သင်္ဘောမှ ကယ်ဆယ်ခံရပြီးနောက်တွင် စိတ်မသက်မသာ ခံစားရသည်။ ထိုမတော်
တဆမှုတွင် ငယ်ရွယ်သူအများအပြား သေဆုံးခဲ့ပြီး သူမ အသက်ရှင်ကျန်ခဲ့ခြင်းကို
နားမလည်နိုင်ကြောင်း ဆေးရုံပေါ်တွင် ပြောကြားခဲ့သည်။
သူကို ရေထဲမှဆယ်ယူခဲ့သော လူငယ်လေး၏နာမည်ကိုပင်
မသိလိုက်ရ၍ သူမနောင်တရသည်။ ‘‘အနည်းဆုံးတော့
သူ့ကို ထမင်းတစ်နပ်နဲ့ ဧည့်ခံချင်တယ်။ ဒါမှမဟုတ် သူ့ရဲ့
လက်ကိုကိုင်တာဖြစ်ဖြစ်၊ သူ့ကို ထွေးပွေ့တာဖြစ်ဖြစ် လုပ်ချင်
တယ်’’ ဟုပြောပြသည်။
ထိုအမျိုးသမီး၏နှလုံးသားက တမန်တော်ရှင်ပေါလု
ကို သတိရစေသည်။ သူ၏မိတ်ဆွေများနှင့် သူ့အမျိုးသားချင်း
ညီအစ်ကိုများအတွက် စိတ်ပူပြီး သူတို့ ကယ်တင်ခြင်းရရန်
အတွက် ‘‘ ခရစ်တော်နှင့်ခွာ၍ ကျိန်ခြင်းကို ခံချင်လောက်
အောင် စိတ်ရှိကြောင်း’’ ပြောဆိုခဲ့သည် (ရောမ ၉း၂-၃)။
သူခံစားရသော ကျေးဇူးတော်ကိုလည်း ရှင်ပေါလု…
မေတ္တာဖြင့် နားထောင်ခြင်း
သြဂုတ်လက ဗားမောက်မြို့ရှိ ကျွန်တော်တို့အသင်းတော်လေးတွင် သာသနာပြု
ဆရာလေးတစ်ဦး လာရောက်တရားဟောသည်။ သူနှင့်သူ့ဇနီးတို့ အစေခံနေသော
တိုင်းပြည်မှာ ဘာသာရေး၌ ဖရိုဖရဲဖြစ်နေပြီး ကလေးများအတွက် အန္တရာယ် အလွန်
များသည်ဟု သတ်မှတ်ခံရသည်။ ကြေကွဲစရာ အဖြစ်အပျက်
များထဲမှ တစ်ခုမှာ သူ့သမီးက ကျောင်းဘော်ဒါဆောင်၌
သူ့ကို မထားခဲ့ရန် သူ့အား တောင်းပန်ခြင်း ဖြစ်သည်။
ထိုစဉ်က ကျွန်ုပ်မှာ မကြာသေးမီကပင် သမီးလေး
မွေးလာ၍ ဖခင်ဖြစ်ကာစ ဖြစ်သဖြင့် ထိုအဖြစ်က ကျွန်ုပ်ကို
နာကျင်စေသည်။ ‘‘ကြင်နာသောမိဘက သူတို့သမီးကို
တစ်ဦးတည်း ဘယ်လိုထားခဲ့နိုင်တာလဲ’’ ဟုကျွန်ုပ် ကိုယ့်
ဘာသာ ရေရွတ်မိသည်။ တရားဟောပြီးသွားသောအခါ
ကျွန်ုပ်မှာ ခံစားချက်များ ပြင်းထန်နေသဖြင့် သာသနာပြု
ဆရာလေးနှင့်အတူ အိမ်များသို့ သွားရောက်ဝတ်ပြုရန်
ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သည်။ ဘုရားကျောင်းထဲမှ ကျွန်ုပ်
ထွက်လာခဲ့ပြီး ‘‘၀မ်းသာစရာပဲ၊ ငါအဲဒီလို…
နာခံခြင်း၏ထူးကဲကြွယ်ဝမှု
နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ထီရောင်းချမှုများ ရှိသည်။ မကြာမီ နှစ်များက အမေရိကန်
ပြည်ထောင်စုနှင့်ကနေဒါတွင် ထီလက်မှတ်ရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၈၅
ဘီလီယံ ရရှိခဲ့သည်။ ၎င်းသည် ကမ္ဘာတစ်ဝန်း စုစုပေါင်းရောင်းရသည့် ပမာဏ၏ အစိတ်
အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ ကြီးမားသော လောင်းကြေးက
မြူဆွယ်လျက် ‘‘ငါထီပေါက်ရင်’’ ဘ၀ပြဿာနာ အားလုံး
ပြေလည်သွားမည် ဟူသည့် စိတ်ခံစားချက်ကို ဖြစ်ပေါ်
စေဖြစ်သည်။
ငွေကြေးဥစ္စာ ကြွယ်ဝချမ်းသာခြင်းက အမှား မဟုတ်
သော်လည်း၊ ၎င်းက ငွေသည် ကျွန်ုပ်တို့၏ လိုအပ်ချက်
အားလုံးကို ဖြေရှင်းပေးနိုင်သည်ဟု အတွေးဝင် သွားစေနိုင်
အောင် လှည့်ဖြားနိုင်သည့် တန်ခိုးရှိသည်။ ဆာလံဆရာက
ကြွဲပား ခြားနားသည့်အမြင်ြဖင့်‘‘ခပသ် မိး သော စည်း စမိ ဉ်…
ဘာကို အမှီပြုကိုးစားမလဲ
ကျွန်မတို့အပြင်ထွက်လာစဉ် ‘‘အံ့ဩစရာ ဈာပနပဲ’’ ဟု ၀င်ဒီ မှတ်ချက်ချခဲ့သည်။
ကျွန်မတို့၏ သူငယ်ချင်း ဟယ်လင် ဆုံးသွားပြီ၊ ပျော်ရွှင်တတ်သော သူ့အမူအကျင့်ကို
သူငယ်ချင်းများက တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ပြောကြသည်။ သို့သော်
ဟယ်လင်၏ဘ၀က တစ်ချိန်လုံး ရယ်စရာပျော်စရာများဖြင့်
ပြည့်နေသည်တော့ မဟုတ်ပါ။ သခင်ယေရှုကို သူယုံကြည်
ကိုးစားကြောင်း၊ အခြားသူများကိုဂရုစိုက်ကြောင်း သူ့တူက
သူ့အကြောင်းကို ပြောပြသည်။ သူငယ်စဉ်က ဘ၀ခက်ခဲ
ရုန်းကန်ရစဉ် အဒေါ်က သူ့ကိုအိမ်သို့ ခေါ်ထားခဲ့သည်။ ယခု
သူ့အသက်နှစ်ဆယ်ရှိပြီ။ ‘‘အန်တီက ကျွန်တော့် အပေါ်မှာ
မိခင်တစ်ယောက်လိုပဲ။ ကျွန်တော် ရုန်းကန်နေရစဉ်မှာ
ကျွန်တော့်အပေါ် လက်မလျော့ခဲ့ဘူး။ သူ့ကြောင့်သာ
မဟုတ်ရင် ကျွန်တော့်ယုံကြည်ခြင်း ပျောက်ဆုံးခဲ့မှာပါ’’ ဟု
ဆိုသည်။ ကြီးစွာသော လွှမ်းမိုးမှုပင်တည်း။ သခင်ယေရှုကို ဟယ်လင် မှီတွယ်ခဲ့ပြီး
သူမ၏တူအားလည်း ကိုယ်တော့်ကိုသာ ယုံကြည်စေချင်ခဲ့သည်။
ဓမ္မဟောင်းကျမ်းတွင် ရှင်ဘုရင်ဒါဝိဒ်သည်…